ဘာမှမလိုဘူးးးးးးးးးးးးး
စိတ်ထဲမရှိပဲနဲ့ဘာကြောင့် ခဏခဏဒီစကားပြောတာလဲ
ဒီစကား တစ်ခွန်းလေးကြောင့် ငါ့ရဲ့ဘ၀ကို ကမ္ဘာကြီးပျက်နိုင်တယ်
ရင်ထဲမှာ အချစ်ပဲကွာ လိုအပ်တာ ယုံကြည်ပေးစမ်းပါ
သတ္တိရှိဖို့တော့ လိုမယ်
နင့်အပြုံးများက ငါ့ရဲ့ဘ၀အတွက် ကမ္ဘာကြီးတစ်ခုပါပဲ
ငါ့နှလုံးသားနဲ့ရင်းပြီး မင်းကိုပုံအပ်ခဲ့တာပဲ
ရင်ထဲမှာ အချစ်ပဲကွာ လိုအပ်တာ ယုံကြည်ပေးစမ်းပါ
မျက်စိမှိတ် ချစ်နိုင်မလား
ပေါင်းစပ်လို့မရတဲ့ ဘ၀ကြီးထဲ
ဘာကြောင့်ချစ်နေအုန်းမလဲ
မင်းဘ၀ မင်းပဲ လျှောက်လှမ်းခဲ့
ငါ့ဘ၀နဲ့ မထိုက်တန်ဘူး
မလိုအပ်ပါဘူး ဘာမှမလိုဘူး
နင်မရှိရင် ငါ့ဘ၀မရှိနိုင်ဘူး
နင်သာ ငါ့ဘ၀ နင်သာ ငါ့ကမ္ဘာ
ဝင်သတ် ထွက်သတ်တိုင်းမှာ
မင်းတစ်ယောက်တည်းပဲ……………….
အချိန်တိုင်းမှာ ငါဟာအရှုံးသမား
ငါ မင်းဘ၀အတွက်ထိခိုက်မယ်ဆိုရင် နောက်ဆုတ်ပေးမှာပါ
ငါလည်း မျက်ရည်စိုတာပဲ
စိတ်များထိန်းကာပြောနေလဲ
ဒါကို နင်သိဖို့ကောင်းတယ်
ဘာမှ ဖြည့်ဆည်းမပေးနိုင်သူ
ငါဟာ အချစ်ပဲပေးနိုင်သူ
အသက်ထက်ချစ်ရမယ့်မင်းကိုငါလေ ၀မ်းမနည်းစေချင်ဘူး
ငါ့ဘ၀ ဆူးလမ်းတွေနဲ့ မုန်တိုင်းများကြမ်းနိုင်တယ်
နာကျင်မယ်ကွယ် ချစ်သူ မခေါ်ရက်ဘူး……ဟူး……………….
မင်းဘ၀ မင်းပဲ လျှောက်လှမ်းခဲ့
ငါ့ဘ၀နဲ့ မထိုက်တန်ဘူး
မလိုအပ်ပါဘူး ဘာမှမလိုဘူး
နင်မရှိရင် ငါ့ဘ၀မရှိနိုင်ဘူး
နင်သာ ငါ့ကမ္ဘာ နင်သာ ငါ့ဘဝ
ဝင်သတ် ထွက်သတ်တိုင်းမှာ မင်းတစ်ယောက်
မလိုအပ်ပါဘူး ဘာမှမလိုဘူး
နင်မရှိရင် ငါ့ဘ၀မရှိနိုင်ဘူး
နင်သာ ငါ့ကမ္ဘာ နင်သာ ငါ့ဘဝ
ဝင်သတ် ထွက်သတ်တိုင်းမှာ မင်းတစ်ယောက်တည်းပဲ
နင်သာ ငါ့ဘ၀ နင်သာ ငါ့ကမ္ဘာ
ဝင်သတ် ထွက်သတ်တိုင်းမှာ မင်းတစ်ယောက်တည်းပဲ
နင်သာ ငါ့ဘ၀ နင်သာ ငါ့ကမ္ဘာ
ဝင်သတ် ထွက်သတ်တိုင်းမှာ မင်းတစ်ယောက်တည်းပဲ
No comments:
Post a Comment